Friday, December 31, 2010

နက္ခတ်ဗေဒင်​လေ့လာရခြင်းအကြောင်းရင်း

နက္ခတ်ဗေဒင်​လေ့လာရခြင်းအကြောင်းရင်း

အချိန်နှင့်အမျှ
နက္ခတ်ဗေဒင်​ဆိုသည်မှာ
ကောင်းကင်​အာကာတခ္ဗင်တွင်စဉ်ဆက်မပြတ်ရွေ့လျားနေကြသော ​နေ - တနင်္ဂနွေဂြိုဟ် (The Sun)၊ လ - တနင်္လာဂြိုဟ် (The Moon)၊ အဂါင်္ဂြိုဟ် (Mars)၊ ဗုဒ္ဓဟူးဂြိုဟ် (Mercury)၊ ကြာသပတေးဂြိုဟ် (Jupiter)၊ သောကြာဂြိုဟ် (Venus)၊ စနေဂြိုဟ် (Saturn)၊ ရာဟုဂြိုဟ် (Rahu)၊ ကိတ်ဂြိုဟ် (Ketu) နှင့် လဂ် (Ascendant) တို့၏ ရာသီ နက္ခတ် စက်ဝန်း တလျှောက် လှည့်ပတ် နေ ကြခြင်း နှင့် လူတို့၏ ဖြစ်စဉ်အရပ်ရပ် ကို ဆက်စပ်လေ့လာ ဟောပြော​သော​ပညာကို ဇောတိသ (Jyotisha)၊ သို့မဟုတ် နက္ခတ်ဗေဒင် (Astrology) ဟုခေါ်သည်။

ဂြိုဟ် (၉) လုံးနှင့် လဂ်တို့သည် သဘာဝအားဖြင့်အလိုလျှောက် အဆက်မပြတ် ရွေ့လျားနေကြခြင်း ဖြစ်၍့ ကမ္ဘာပေါ်ရှိ လူတို့၏ ဖြစ်စဉ် အရပ်ရပ်မှာလည်း မိမိတို့၏ အတိတ်ကံ ပစ္စုပ္ပန်ကံ တို့ကောင်းဆိုးအားလျှော်စွာ ဖြစ်ပျက်နေကြခြင်း သာဖြစ်ပြီး ဂြိုဟ်လဂ်တို့ ၏အနေအထားက ကမ္ဘာပေါ်ရှိ့လူတို့ဖြစ်စဉ် အပေါ်စိုးမိုး လျှက်ရှိသည် ဟုယူဆခြင်းထက် ဖြစ်စဉ် နှစ်ခုကို ဆက်စပ်ဟောပြောနိုင်သောသဘော (Correlation) ရှိကြောင်း ယူဆလျှင်ပို၍သင့်မြတ်ဘွယ်ရာရှိသည်။

နက္ခတ်ဗေဒင်ပညာတွင် ယေဘူယျအားဖြင့်​ဂြိုဟ်လဂ်တို့၏ ရာသီစက် (Rasi chart) ခေါ် တစ်ဆယ့်နှစ်ရာသီခ္ဗင် (Zodiac) တလျှောက်တည်နေရာ၊ ဘာဝစက် (Bhava chart) ခေါ်ဒေသဆိုင်ရာ မိုးကုပ်စက်ဝိုင်း (Local Horizon) နှင့် မွန်းတည့်စက်ဝိုင်း (Local Meridian) တို့အားဖြင့်ပိုင်းခြားထားသော ရှေ့နောက်၊ ထက်အောက၊် တစ်ဆယ့်နှစ်ဘာဝ (12 Houses) တို့၏ တည်နေရာ၊ နဝင်းစက် (Navim chart) ခေါ် နက္ခတ်စက်တလျှောက် ကိုးနဝင်းစီပိုင်းခြားသော တည်နေရာ၊ စသည့် တည်နေရာ အသီးသီးကိုပြသော တြိစက္ကဇာတာခွင်ဖွဲ့ဆို၍ ဆန်းစစ်ဟောပြောလေ့ရှိ့ကြပါသည်။

နက္ခတ်ဗေဒင်ပညာ သည် လက္ခဏာပညာ (Palmistry) နှင့် အခြေခံအားဖြင့် ဂြိုဟ်တို့ အား ဗလ ကို ဆန်းစစ်၍ လူတို့ဖြစ်စဉ် အား ဟောပြောနိုင် သောသဘောတွင်တူညီမှုရှိသော်လည်း နက္ခတ်ဗေဒင်ပညာ တွင် ရက်စွဲ၊ တိကျသောမွေးဖွားချိန် နှင့် မွေးဒေသ တို့ကိုသိရှိမှသာ မူလဇာတာခွင် (Birth chart) တွက်၍ ဟောပြောနှိုင်မည် ဖြစ်သည်။ အကယ်၍ ရက်၊ အချိန်၊ ဒေသ တို့ သေချာစွာ မသိပါက မေးလာသော ရက၊် အချိန်၊ ဒေသ တို့မှ အခါဇာတာခွင် (Horary chart) ဖွဲ့ဆိုဟောပြောရန် သာရှိသည်။ ရက၊် အချိန၊် ဒေသတို့ကို တိကျစွာ သိရှိပါလျှင် မူလ နှင့် အခါ ဇာတာခွင်နှစ်ခု ညှိနှိုင်းဆန်း စစ်ခြင်းအား ဖြင့် ကာရကံရှင် မလာရောက်နှိုင်သည့်တိုင် အောင် အရေးကိစ္စရှိ၍ မေးလာသော မိဘ၊ အိမ်ထောင်ဘက်၊ ညီအစ်ကိုမောင်နှမ အစရှိသော နီးစပ်သူတို့ကိုပင် ဟောဆိုချက်များ ထုတ်ပေးနှိုင်စွမ်းရှိသည်။ ထို့ပြင် နက္ခတ်ဗေဒင်ပညာတွင် ဒသာစံနစ် (Dasa)၊ ကောဇာဂြိုဟ်အစီးအနင်း (Transit) တို့ဖြင့် နှစ်၊ လ၊ ရက် ပိုင်းခြား၍ ကောင်းကျိုးဆိုးပြစ်များ ဟောဆိုနှိုင်ခြင်း၊ ဂြိုဟ် နှင့် ဘာဝ တို့၏အင်အားများ တွက်ယူ၍ ဇာတာရှင်၏အဆင့်အတန်း၊ ခန့်မှန်းအသက်အပိုင်းအခြား တို့ကို အသေးစိတ်ဆန်းစစ်ဟောပြောနှိုင်ခြင်း၊ တို့အပြင် ကောင်းကျိုးချမ်းသာ ဖြင့် ပြည့်စုံသော မင်္ဂလာ အချိန်အခါ များ ရွေးချယ်ဆောင်ရွက်ပေးနိုင်ခြင်း အစရှိသောအားသာချက် များလည်းရှိနေသည်။

လက္ခဏာပညာသည် သဘာဝအားဖြင့် လက်ဝါးပြင်တွင် ပေါ်ပေါက်နေသော ဂြိုဟ်ခုံနှင့်အရေးအကြောင်း များကိုဆန်းစစ် ၍ အားထားထိုက်သော ဟောဆိုချက် များ ထုတ်ပေးနှိုင်ခြင်းကြောင့် အများလက်ခံ နှိုင်သော စံနစ်တစ်ခုဖြစ်ပါသည်။ သို့ရာတွင် လူကိုယ်တိုင်မလာရောက် နှိုင်သော၊ လက်ဝါးပုံစံမရရှိနှိုင်သော အရေးပေါ်ကိစ္စများအား နီးစပ်သူတစ်ဦးဦး ကို ဟောချက်ထုတ်ပေး နှိုင်စွမ်းမရှိပေ။ ထို့ပြင် လက်ဝါးပြင်ရှိအရေးအကြောင်းများ ကို တိုင်းတာယုံမျှဖြင့် ဖြစ်လပိုင်း၊ ရက်ပိုင်း ထိ တိကျစွာ ဟောပြော ရန်မလွယ်ကူခြင်းကြောင့် ဂဏန်းဗေဒင် (Numerology) ကဲ့သို့ အကူနည်းစံနစ် များ ပေါင်းစပ်အသုံးပြုရန် လိုသည်။ ဖြစ်နှိုင်လျှင် နက္ခတ်ဗေဒင် နှင့် လက္ခဏာ ပေါင်းစပ်ပညာ (Astro-Palmistry) အားဖြင့် ဟောပြောခြငိးသည် ပြည့်စုံ မှန်ကန်မှူ အရှိဆုံးဖြစ်ကြောင်းတွေ့ရှိနှိုင်သည်။

ကမ္ဘာပေါ် ရှိ့ တည်နေရာ တစ်ခု၌ အချိန် အခိုက်အတန့် တစ်ခုခု ရှိ ကောင်းကင်ပုံကားချပ် မှတ်တမ်း (Skymap) ကို ဇာတာခွင်​ (Horoscope) ဟုခေါ်သည်။ အချိန် အခိုက်အတန့် တစ်ခုခု ဆိုရာတွင် အောက်ပါ ဖြစ်စဉ် များထဲမှ တစ်ခုခု ဖြစ်နှိုင်သည်။
  • လူတစ်ဦး ၏ မွေးဖွားချိန် (Nativity) - မူလဇာတာ၊
  • ပြဿနာ တစ်ရပ် အတွက် မေးလာချိန် (Horary) - ပြဿနာဇာတာ၊
  • မင်္ဂလာ အခန်းအနား တစ်ခု စတင်ချိန် (Electional) - မင်္ဂလာအခါဇာတာ။

ဇာတာခွင် တစ်ခွင် ကို ဆန်းစစ် ၍ ဟောချက်များ ထုတ်ခြင်း၊ မင်္ဂလာအခါဇာတာ တစ်ခွင် ကို တွက်ချက် ရွေးချယ် ခြင်း၊ စသည်တို့ ဆောင်ရွက်ခြင်း ပြုနှိုင်ရန်
    • အခြေခံနက္ခတ္တဗေဒ သဘောတရား (Basic Astronomy)၊
    • အချိန်သဘောတရား (Time theory)၊
    • စက်လုံးတြိဂံသင်္ချာ ဆိုင်ရာအတွက်အချက်ပိုင်း (Spherical Trigonometry)၊ နှင့်
    • ကောင်းကင်နက္ခတ် လက်တွေ့အမြင် (Field Astronomy)၊ တို့ကို
    လေ့လာ တတ်သိ နားလည် ရန်လိုအပ် သည်။ အဆိုပါ ရှေးဦးလိုအပ်ချက်များ ပြည့်စုံနိုင် စေရန် အတွက် မြေပြင်စက်လုံး (Terrestrial Sphere)၊ ကောင်းကင်စက်လုံး (Celestial Sphere)၊ အယူအဆ တို့အပေါ် အခြေခံ၍
    1. ဖျမ်းမျှနေချိန် (Mean Solar Time)၊
    2. မျက်မြင်နေချိန် (True Solar Time)၊
    3. ဒေသကြယ်ချိန် (Local Sidereal Time)၊
    4. နက္ခတ်တာရာကြည့် ဆော့ဝဲ (Platerium Software) များ ဖြင့်ကောင်းကင်အမြင် လေ့ကျင့် နည်း၊ တိုကို အခြေခံ ၍
    5. စွစ်ဂြိုဟ်သွား (Swiss Ephemeris) ဖြင့် ဇာတာခွင် တွက်နည်း
    ကို ရှင်းလင်း တင်ပြသွားမည် ဖြစ်သည်။
        အေးဝင်းကျော်

    No comments:

    Post a Comment